နတ်မောက်မြို့နယ်တွင်  FS-RS  မျိုးစေ့ထုတ် နွေစပါးများ အောင်မြင်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကွင်းအမှတ် (၈၃၇)ရှိ တောင်သူဦးရန်ရှိန် စိုက်ပျိုးထားသော FS-RS မျိုးစေ့ထုတ် ရတနာတိုး (၁)ဧကခွဲ နွေစပါးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူထံက သိရသည်။

မကွေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပါဠိဖတ်နည်းဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချ

မကွေးတိုင်းဒေသကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ဓမ္မစင်္ကြာနှင့် အနန္တလက္ခဏသုတ် အလွတ်ရွတ်ဆို ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ဝတ်ရွတ်အသင်းများအား သတ်မှတ်စည်းမျဉ်းစည်းကမ်းနှင့်အညီ စနစ်တကျ ယှဉ်ပြိုင်နိုင်ရေးအတွက် ပါဠိဖတ်နည်း ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

သာပေါင်းမြို့နယ်အဆင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီမှ ချေးငွေရယူထားသည့် တောင်သူများ၊ လုပ်ငန်းရှင်များ၏ လုပ်ငန်းခွင်တို့ကို ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်အဆင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီမှ ချေးငွေရယူထားသည့် တောင်သူများ၊ လုပ်ငန်းရှင်များ၏ လုပ်ငန်းခွင်များသို့ ယမန်နေ့ နံနက် ၉ နာရီအချိန်က စတင်၍ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

တပ်ကုန်းမြို့၌ မြို့နယ်သံဃာ့ဝန်ဆောင်အဖွဲ့ နှစ်ပတ်လည်အစည်းအဝေး ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် မြို့နယ်သံဃာ့ဝန်ဆောင်အဖွဲ့ နှစ်ပတ်လည်အစည်းအဝေးကို ယနေ့မွန်းလွဲ ၁နာရီက မြို့နယ်ဗုဒ္ဓသာသနာပြုဗိမာန်တော် ကြီးတွင် ကျင်းပသည်။

ငပုတောမြို့၌ အသက် (၅)နှစ်မှ (၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ် -၁၉ ရောဂါ (ထပ်ဆောင်း) ကာကွယ်ဆေးထိုးနှံ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ အသက် (၅)နှစ်မှ (၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ် -၁၉ ရောဂါ (ထပ်ဆောင်း) ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ငပုတောမြို့ အ​ခြေခံပညာအလယ်တန်းကျောင်း ရွှေမြကွင်း၌ ထိုးနှံပေးလျက်ရှိသည်။

ဥတ္တရသီရိမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သစ်ဝင်တိုင်းကျေးရွာ  အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် “အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ (အကြို)” မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို  ယနေ့မွန်းလွဲပိုင်းက အဆိုပါကျောင်း စာသင်ဆောင်တွင် ကျင်းပသည်။

ကာမိုင်းမြို့၌ အတည်တကျ ပြောင်းရွှေ့နေထိုင်သည့် စစ်ရှောင်ပြည်သူများအား ထောက်ပံ့ငွေနှင့် ဆန်အိတ်များ ထောက်ပံ့

ကချင်ပြည်နယ်၊ ဖားကန့်မြိုနယ် ကာမိုင်းမြို့နန့်စီးအင်ကျေးရွာအုပ်စု ထွယ်ဆန်ယန်ရပ်ကွက် အတွင်းရှိ အတည်တကျပြောင်းရွှေ့နေထိုင်သည့် (RC) စစ်ရှောင် ပြည်သူများအား ထောက်ပံ့ငွေနှင့် ဆန်အိတ်များကို ယမန်နေ့ နံနက် (၁၀)နာရီခွဲက တာဝန်ရှိသူများမှ သွားရောက် ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ပုသိမ်မြို့တွင် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

ပုသိမ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း (ဧရာဝတီတိုင်းဒေသကြီး)တို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေး Talk Show ကို ယမန်နေ့နေ့လည်ပိုင်းက ပုသိမ်ခရိုင်ရုံး Community Centre ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ကန်ကြီးထောင့်မြို့နယ်တွင် သတင်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အတွင်း ထူးခြားဖြစ်စဥ် သတင်းများနှင့် ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ စောလျင်စွာ တိကျမှန်ကန်သော မြေပြင်သတင်း အမှန်ရရှိစေရေး သတင်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၈ နာရ‌ေအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန OSS အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျုံပျော်မြို့ ပြည်သူများထံသို့ စားသုံးဆီများ ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချ

ပြည်သူများစားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရေးအတွက် စားသုံးဆီများ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ မြဝတီရပ်ကွက်၊ မဏိရတနာရာမ‌ကျောင်းတိုက်၌ ယနေ့ နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to