တကောင်း ဇွန် ၂၁
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် သံချဆေးတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉) နာရီက အဆိုပါကျောင်းဝန်းအတွင်း ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဦးစီးဌာနမှ ဘက်စုံသားဖွားဆရာမ ဒေါ်ချောစုဝင်းနှင့် ဝန်ထမ်းများက အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူ (၁၁၆၁) ဦးအား ကျန်းမာရေးကောင်မွန်မှု ရှိ/မရှိ၊ တစ်ကိုယ်ရေသန့်ရှင်းမှု ရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်ပေးကာ ကျန်းမာရေးကောင်းမွန်ရန် လိုက်နာနေထိုင်သင့်သည့် အကြောင်းအရာများအား အသိပညာပေးပြောကြားခဲ့ပြီး ပထမအကြိမ် သံချဆေးများ တိုက်ကျွေးခဲ့သည်။
အဆိုပါ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် သံချဆေးတိုက်ကျွေးခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနိုင်မှ အနီးကပ်ကြည့်ရှုကူညီဆောင်ရွက်ပေးကာ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမများပူးပေါင်းဆောင်ရွက်ပေး လျက်ရှိကြောင်းသိရသည်။
သီရိ