ကျောက်မဲမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ရောင်းချလျက်ရှိသည့် ကျောင်းမုန့်ဆိုင်များအား ကွင်းဆင်းစစ်ဆေး
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ရောင်းချနေသော ကျောင်းမုန့်ဈေးဆိုင်များတွင် ဘေးအန္တရာယ်ရှိသော အစားအသောက်များ ရောင်းချခြင်းမရှိစေရေးအတွက် ကျောက်မဲခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။