တောင်ငူ ဇွန် ၂၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ယမန်နေ့မွန်းလွဲပိုင်းက တောင်ငူမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်များတွင် အမိုနီယမ်နိုက်ထရိတ်ပါဝင်သည့် ဓာတ်မြေသြဇာများ ရောင်းချမှု ရှိ၊ မရှိအား စစ်ဆေးခဲ့သည်။
စိုက်ပျိုးရေးသုံးဓာတ်မြေသြဇာများတွင် ထိန်းချုပ်ဓာတုပစ္စည်းအမျိုးအစား၌ ပါဝင်သည့် အမိုနီယမ်နိုက်ထရိတ်များအား အသုံးပြုလျက်ရှိကြောင်းတွေ့ရှိရသဖြင့် ရောင်းချမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရန် ပဲခူးတိုင်းဒေသကြီး၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့၏ညွှန်ကြားမှုအရ လုပ်ငန်းလိုင်စင်မရှိသည့် စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်များအားစစ်ဆေးကာ ဖမ်းဆီးအရေးယူသွားမည်ဖြစ်ပြီး လုပ်ငန်းလိုင်စင်ဖြင့် ရောင်းချနေသည့် စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်များတွင်လည်း မူရင်းကုမ္ပဏီမှ လက်ကားရယူမှု၊ သိုလှောင်သိမ်းဆည်းမှု အခြေအနေအားစစ်ဆေး၍ မှတ်ပုံတင်ထားခြင်းမရှိသည့် အမှတ်တံဆိပ်ပါစိုက်ပျိုးရေးသုံးဓာတ်မြေသြဇာများ ရောင်းချမှုမရှိစေရေး ဖမ်းဆီးအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တောင်ငူမြို့နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့မှ သိရသည်။
ခရိုင် ပြန်/ဆက်