ရွှေကူမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပြပွဲ၊ ပြိုင်ပွဲများကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၌ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြို ပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့ နေ့လယ် ၁ နာရီခွဲခန့်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို စာအုပ်ပြပွဲ နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြို၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကို ဇွန်လ (၂၂) ရက်နေ့ နံနက် (၁၀) နာရီက မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

တာမိုးညဲမြို့ အခြေခံပညာအထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်များ ပြသ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ တာမိုးညဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တာမိုးညဲနယ်မြေရဲစခန်း၊ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်များပြသဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီခွဲအချိန်က တာမိုးညဲမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ မီဒီယာခန်းမ၌ ဆောင်ရွက်ခဲ့သည်။       

ကန်ကြီးထောင့်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရား မဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲကို ကျူတန်းကျေးရွာအုပ်စု၊ ကျူတန်းရိုးကြီးကျေးရွာရှိ အ.လ.က(ခွဲ) ကျူတန်းရိုးကြီးကျောင်း တွင် ယမန်နေ့ နေ့လယ် (၁)နာရီအချိန်ခန့်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ အ-မ-က ပိန္နဲကုန်းကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နယ်လှည့်ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး​နေ့ အထိမ်းအမှတ် (အကြို) အသိပညာ​ပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့က အ.မ.က ပိန္နဲကုန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ငဖဲမြို့နယ် အီလက်ထရောနစ်စနစ်ဖြင့် ဇီဝဆိုင်ရာအချက်အလက်များ (Biometric Data) ကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက အီလက်ထရောနစ်စနစ်ဖြင့် ဇီဝဆိုင်ရာအချက်အလက်များ (Biometric Data) ကောက်ယူရေးလုပ်ငန်း Smart Card ပြုလုပ်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

မော်လိုက်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အလယ်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ သည်။

မူဆယ်မြို့တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် အသိပညာပေးဟောပြောပွဲ ကျင်းပ ဆောင်ရွက်

ဒေသဖွံဖြိုးတိုးတက်ရေး၊ ကျေးရွာ/ရပ်ကွက်အေးချမ်းသာယာရေးနှင့် တရားဉပဒေစိုးမိုးရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးတို့အတွက် လိုအပ်သည်များကို ဆောင်ရွက်ပေးရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်အတွင်းရှိ မောက်ကိုဆွဲ့ခန်းမ (၄)တွင် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယမန်နေ့ နေ့လယ် (၃း၀၀)အချိန်က အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့ပါသည်။

ကျုံဒိုးမြို့ မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်

ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့နယ်၊ ကျုံဒိုးမြို့တွင် မတ်လ၂၅၊ ဇွန်လ၄ရက်နေ့တို့၌ အကြမ်း ဖက်အဖွဲ့စည်းမှ မီးရှို့ခဲ့သည့် မီးဘေးသင့်အိမ်ထောင်စုများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ငွေသားထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီချိန်က ကျုံဒိုးမြို့ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

နမ့်ဆန်မြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်းအခြေပြုမီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်မှုများဆောင်ရွက်

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်မှုကို ယနေ့နံနက် (၁၀) နာရီအချိန်က နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to