ဆင်ပေါင်ဝဲမြို့ပေါ်ရှိ စားသုံးရန်မသင့်သော အစားအသောက် (၃) မျိုးအား စျေးကွက်လက်ကျန်မရှိစေရေး ကွင်းဆင်းစစ်ဆေး
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးကျော်ကိုကိုအောင်နှင့် ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးနိုင်ဦးတို့ လိုက်ပါ၍ ယနေ့နံနက်(၉)နာရီက ဆင်ပေါင်ဝဲမြို့ပေါ်ရှိ စားသုံးရန်မသင့်သော အစားအသောက် အမှတ်တံဆိပ်(၃)မျိုးအား စျေးများ အတွင်း၊ အပြင် စျေးကွက် လက်ကျန်မရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့သည်။