နမ့်ဆန်မြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်းအခြေပြုမီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်မှုများဆောင်ရွက်

နမ့်ဆန်‌ ဇွန် ၂၂

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်မှုကို ယနေ့နံနက် (၁၀) နာရီအချိန်က နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ လေ့ကျင့်မှု အခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီအရာရှိး ဦးသန်းဇော်မိုးက မီးသတ်ဦးစီးဌာန သမိုင်းကြောင်းများ မြို့နယ်တွင်းမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများ မီးဘေးအန္တရာယ် မဖြစ်ပွားရေး မီးအသုံးပြုဆောင်ရန်ရှောင်ရန် အချက်အလက်များ၊ မီးငြိမ်းသတ်နည်းများ၊ မီးသတ်‌ဆေးဘူးသုံးစွဲနည်း အဆင့်ဆင့်တို့ကို အသိပညာပေး ရှင်းလင်း ဟောပြောပြီးနောက် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးသန်းဇော်မိုးနှင့်တပ်ဖွဲ့ဝင်များမှ ကျောင်းသား၊ ကျောင်းသူများအား လက်တွေ့မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်နည်းတို့ကို သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)