ဖျာပုံမြို့၌ မြန်မာနိုင်ငံ အတက်ရောဂါစီမံချက် အသိပေးရှင်းလင်းဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် မြန်မာနိုင်ငံ အတက်ရောဂါစီမံချက်လုပ်ငန်း စတင်ခြင်း အထိမ်းအမှတ် အသိပညာပေးအခမ်းအနားကို ယမန်နေ့နံနက် (၁၁)နာရီအချိန်က အဆိုပါ​ ဆေးရုံကြီးအစည်းအဝေးခန်းမ၌ ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

လားရှိုးလူထုအခြေပြုဗဟိုဌာနတွင် နိုင်ငံတကာယောဂနေ့အထိမ်းအမှတ်အဖြစ် ယောဂစုပေါင်းလေ့ကျင့်

ဇွန်လ ၂၁ ရက်နေ့ “နိုင်ငံတကာယောဂနေ့” အထိမ်းအမှတ်အဖြစ် ယောဂစုပေါင်းလေ့ကျင့်ခြင်းကို ယမန်နေ့ညနေ ၆ နာရီအချိန်က လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန ( Community Centre ) တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

လွိုင်လင်မြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းဝင်းအေးမှ အဖွင့်အမှာစကား ပြောကြားပေးခဲ့သည်။

ညောင်တုန်းမြို့နယ်တွင် အတက်ရောဂါစီမံချက်အကြောင်း အသိပေးရှင်းလင်းပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အတက်ရောဂါ စီမံချက်အကြောင်း အသိပေးရှင်းလင်းပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကလေးမြို့တွင် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များ အထူးဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ပြည်သူများစားဝတ်နေရေး အဆင်ပြေ စေရန်အတွက် တိုင်းဒေသကြီးအစိုးရ၏အစီအစဉ်ဖြင့် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက တောင်ဇလပ်ရပ်ကွက်၊ ဗန္ဓုလလမ်းတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရောင်းချပေးခဲ့ကြောင်းသိရသည်။

ပွင့်ဖြူမြို့နယ် ရေရင်ကျေးရွာတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် စွမ်းအားမြှင့် မီးဖိုများ ထောက်ပံ့ပေးအပ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဒေသခံပြည်သူများ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန်နှင့် သစ်တောသစ်ပင်များကို တန်ဖိုးထားပြီး စနစ်တကျ ကာကွယ်ထိန်းသိမ်းတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၁ နာရီက ပွင့်ဖြူမြို့နယ် ရေရင်ကျေးရွာသို့ သွားရောက်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအကြောင်း အသိပညာပေးဟောပြောခြင်းနှင့် ထင်းလောင်စာ လျှော့ချနိုင်ရေးအတွက် ဒေသခံပြည်သူများကို စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဝေထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ချောက်မြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ စားအုန်းဆီ  ဖြန့်ဖြူးရောင်းချ​နေမှုအားကွင်းဆင်းကြပ်မတ်

စားသုံးသူရေးရာဦးစီးဌာန၊ ချောက်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဒေါ်​​မြတ်​မြတ်မိုးသည် ယမန်နေ့နံနက်ပိုင်းက ချောက်မြို့နယ်ရှိ  စားအုန်းဆီ လက်လီ/ လက်ကားရောင်းချလျက်ရှိသော ဒေါ်စီစီဆိုင်မှ စျေးကားဖြင့်လှည့်လည်၍ အမှတ် (၆)ရပ်ကွက်၊ ရွှေသူဌေးကုန်းရပ်တွင် စားအုန်းဆီရောင်းချ​နေမှုအား ကွင်းဆင်း၍ စိစစ်ကြပ်မတ် ဆောင်ရွက်ခဲ့ပါသည်။

မိုင်းယောင်းမြို့နယ် ရှေခင်ကြိုးတံတားတည်ဆောက်နိုင်ရေး ညှိုနှိုင်းအစည်းအဝေး ပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် မုန်းလိုက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့က ရှေခင်ကျေးရွာတွင် ကြိုးတံတား တည်ဆောက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။

ဟိုပန်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ရှောင်ရန်၊ ဆောင်ရန်အချက်များအား သိရှိနိုင်ရေးအတွက် "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဇွန်လ (၂၁) ရက်နေ့ နံနက် (၁၀) နာရီက ရွှေဝါကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to