ကေ့ာကရိတ် ဇွန် ၂၂
ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့နယ်၊ ကျုံဒိုးမြို့တွင် မတ်လ၂၅၊ ဇွန်လ၄ရက်နေ့တို့၌ အကြမ်း ဖက်အဖွဲ့စည်းမှ မီးရှို့ခဲ့သည့် မီးဘေးသင့်အိမ်ထောင်စုများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ငွေသားထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီချိန်က ကျုံဒိုးမြို့ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကေ့ာကရိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးထွန်းဝေက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးကျော်ကျော်ဦးက ထောက်ပံ့ကြေး ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ထောက်ပံ့ငွေများပေးအပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အိမ်ထောင်စု (၃) စုအတွက် အက်ချုပ်စက် (၃) လုံး၊ ကာလတန်ဖိုးရှိငွေသား (၁၁၄၀၀၀၀ိ/-)၊ ပညာသင် ထောက်ပံ့ကြေးငွေကျပ် (၁၀၀၀၀၀၀) တို့ကို လည်းကောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အိမ်ထောင်စု (၃၉) စုအတွက် တစ်အိမ်ထောင်စုလျှင် ဘိလပ်မြေ (၁၀၀) အိတ်နှုန်းဖြင့် ဘိလပ်မြေ (၃၉၀၀) အိတ်၊ ကာလတန်ဖိုး (၄၂၅၁၀၀၀၀ိ/-) အားလည်းကောင်း၊ မြို့နယ်စီမံအုပ်ချူပ်ရေး အဖွဲ့ဝင်မှ အိမ်ထောင်စု (၁၉) စုအား တစ်အိမ်ထောင်စုလျင် ဆန် ၁ အိတ်နှုန်းဖြင့်ဆန် (၁၉) အိတ်၊ ကာလတန်ဖိုး (၁၁၇၈၀၀၀ိ/-) တို့အားလည်းကောင်း၊ စုစုပေါင်းငွေ (၄၅၈၂၈၀၀၀ိ/-) ထောက်ပံ့ ပေးအပ်ရာ မီးဘေးသင့်အိမ်ထောင်စု (၃၉) စုတို့မှ လက်ခံရယူခဲ့ကြောင်းသိရသည်။
ခင်မျိုးဝင်း