သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန( Community Centre) ၌ စုန်ဆန်စီးမျောစာပေတော စာပေစကားဝိုင်းကျင်းပ
သံတွဲမြို့နယ် စာပေချစ်မြတ်နိုးသူများအဖွဲ့ Book Club မှ ပြုလုပ်သည့် စုန်ဆန်စီးမျော စာပေတော စာပေစကားဝိုင်းအမှတ်စဉ် (၃၅) ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန( Community Centre) အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။