ငဖဲမြို့နယ် အီလက်ထရောနစ်စနစ်ဖြင့် ဇီဝဆိုင်ရာအချက်အလက်များ (Biometric Data) ကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ငဖဲ ဇွန် ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက အီလက်ထရောနစ်စနစ်ဖြင့် ဇီဝဆိုင်ရာအချက်အလက်များ (Biometric Data) ကောက်ယူရေးလုပ်ငန်း Smart Card ပြုလုပ်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက အီလက်ထရောနစ်စနစ်ဖြင့် ဇီဝဆိုင်ရာအချက်အလက်များ (Biometric Data) ကောက်ယူရေးလုပ်ငန်း Smart Card ပြုလုပ် ပေးနိုင်ရေးနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန ဦးစီးမှူး ဦးပွားမောင်က e-id စနစ်၏ အဓိကရည်ရွယ်ချက်များ၊ ဉပဒေနှင့်အညီ နိုင်ငံသားဖြစ်ခွင့်ရှိသူ အသက်(၁၀)နှစ်နှင့် အထက်ရှိသူများအား Smart Card ပြုလုပ်ပေး သွားမည်ဖြစ်ကြောင်းနှင့် ဇီဝဆိုင်ရာအချက် အလက်များကောက်ယူဆောင်ရွက်ရာတွင် အသုံးပြုမည့် Biometric Enrollment Application Form တွင် နိုင်ငံသားစိစစ်ရေးကတ်၌ပါရှိသည့် အချက်အလက်များအတိုင်း မှန်ကန်စွာ ကြိုတင်ဖြည့်စွက်ထားနိုင်ရန်  Application Form များကို တက်ရောက် လာသည့် ဌာနဆိုင်ရာများအား ထုတ်ပေးပြီး အဆိုပါ Form တွင် ဖြည့်သွင်းရမည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများက သိရှိလိုသည်များကိုမေးမြန်းရာ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဦးစီးမှူး ဦးပွားမောင်က ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြောင်းနှင့် ငဖဲမြို့နယ် Biometric  အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းကို ဇွန်လ ၂၂ ရက်နေ့တွင် စတင်ကောက်ယူသွားမည် ဖြစ်ကြောင်းသိရသည်။

မယု(ငဖဲ)