မော်လိုက်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

မော်လိုက် ဇွန် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အလယ်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ သည်။

အဆိုပါ ပြိုင်ပွဲတွင် “ရှောင်လေဝေးဝေး မူးယစ်ဆေး” ခေါင်းစဉ်ဖြင့် အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူလေးများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ယှဉ်ပြိုင် နေမှုအား  ခရိုင်ပြန်/ဆက်ဦးစီးမှူး ဦးဇေယျာဝင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းထိန်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ကျော်၊ မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ကြည်ကြည်တို့က ကြည့်ရှုအားပေးခဲ့ကြသည်။

ပြိုင်ပွဲသို့ မော်လိုက်မြို့နယ်အတွင်းရှိ အထကနှင့်အလက(ခွဲ)တပ်နယ် ကျောင်းများမှ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၂၁)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါး အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုခဲ့ကြကြောင်း သိရ သည်။

ခရိုင် ပြန်/ဆက်