မိုခါမုန်တိုင်းမိုးဖြင့်စိုက်ပျိုးထားသည့် မြေပဲများနှင့်နှမ်းလျင်များ နောက်မိုးရွာသွန်းခြင်းနှင့်အတူ နှစ်မျိုးလုံးကောင်းနေ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်နှင့်ငါ့သရောက်မြို့ရှိတောင်သူများ မိုခါမုန် တိုင်းမိုးရွာသွန်းချိန်က စိုက်ပျိုးထားသော မြေပဲနှင့်နှမ်းလျင်စိုက်ပျိုးတောင်သူများ နောက်မိုး ရွာသွန်းမှုကောင်းခြင်းနှင့်အတူ အပင်များပါက်အားကောင်းပြီးထွားကြိုင်းသန်းမာကာ ဒီပုံစံအတိုင်း မိုးရွာသွန်း မှုမှန်ကန်ခဲ့ပါက မြေပဲနှင့်နှမ်းစိုက်တောင်သူများ မြေပဲနှင့်နှမ်းလျင် နုတ်သိမ်းချိန်အထွက်နှုန်းကောင်းရန် သေချာသလောက်ရှိနေကြောင်း မြေပဲနှင့်နှမ်း လျင်စိုက်တောင်သူများထံမှ သိရသည်။

ဒိုက်ဦးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ “ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း” အတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အောင်ရတနာခန်းမ၌  “ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း” အတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

မြစ်သားမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့ မွန်းလွဲပိုင်း ( ၂ )နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့မ အ.ထ.ကကျောင်းနှင့်  မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသူ/ကျောင်းသားကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့ပြည်သူ့စာကြည့်တိုက်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်း အမှတ်အကြို Talk Show ဆွေးနွေးပွဲဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ(Community Centre)ခန်းမ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို Talk Show ဆွေးနွေးပွဲစကားဝိုင်းကို ယမန်နေ့ညနေ(၂)နာရီအချိန်က မြို့နယ်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းနှင့်ပူးပေါင်း၍   ပြုလုပ်ခဲ့ကြသည်။

ငပလီမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေး

ရခိုင်ပြည်နယ် ၊ သံတွဲခရိုင်၊ ငပလီမြို့တွင် စာဖတ်ရှိန် မြှင့်တင်ရေး Mobile Library စနစ်ဖြင့် သုတ၊ ရသ စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်းကို ယမန်နေ့ မွန်းလွဲ (၂း၀၀) နာရီအချိန်က ငပလီမြို့ စည်ပင်ရုံးနှင့် စိုက်ပျိုးရေး ရုံးဝန်ထမ်းများအား အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်မျိုးထွန်းနှင့် တာဝန်ရှိသူများသည် မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် ငါးဖမ်းလှေများ၊ ပုဇွန်ကန်များနှင့်ပတ်သတ်၍ အတိုးနှုန်း သက်သာစွာဖြင့် ချေးငွေများထုတ်ချေးပေးနိုင်ရေး ဆွေးနွေးဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်ချုပ်အောင်မျိုးထွန်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းအချိန်က ရသေ့တောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမအတွင်း၌ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် ငါးဖမ်းလှေများ၊ ပုဇွန်ကန်များနှင့်ပတ်သတ်၍ အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေများထုတ်ချေးပေးနိုင်ရေး ငါးဖမ်းလှေပိုင်ရှင်များ၊ ပုဇွန်ကန်ပိုင်ရှင်များက သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

သာယာဝတီမြို့တွင် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်စံတန်ဖိုး အမှုထမ်းအဆင့် ထူးချွန်ဆုများချီးမြှင့်

ဝန်ထမ်းအဖွဲ့အစည်းများ အားကောင်းခိုင်မာလာစေရန်နှင့် ကျင့်ဝတ်သိက္ခာနှင့်ပြည့်စုံသော ဝန်ထမ်းကောင်းများ ပေါ်ထွန်းလာစေရန်၊ ဝန်ထမ်းတစ်ဦးချင်း၏ ကိုယ်ရည်ကိုယ်သွေး မြင့်မားလာစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်စံတန်ဖိုးစာမေးပွဲများတွင် ထူးချွန်စွာအောင်မြင်ခဲ့သော

ကေ့ာကရိတ်မြို့၌ အသေးစား စက်မှုလက်မှု လုပ်ငန်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အသေးစား စက်မှုလက်မှု လုပ်ငန် းဦးစီးဌာနတို့ ပူးပေါင်း၍ အသေးစားစက်မှုလက်မှု လုပ်ငန်းများ ထွန်းကားလာခြင်းဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရေး ရည်ရွယ်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး (Talk Show)ကို ယမန်နေ့ နံနက် ၁၁ နာရီခွဲ အချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

လိပ်သိုမြို့ အမှတ်(၁)ရပ်ကွက် ဌာနဆိုင်ရာ ရုံးကုန်းလမ်းအား ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုငွေဖြင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌  စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှု လွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးနှင့် မြို့သာယာလှပရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကရင်ပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေ ကျပ် (၅၆.၄) သန်း ဖြင့် အပိုင်း(၃)ပိုင်း ခွဲ၍ လိပ်သိုမြို့ အမှတ် (၁) ရပ်ကွက်ဌာနဆိုင်ရာ ရုံးကုန်းလမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ဇွန်လဆန်းမှ စ၍ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ (၈၅%) ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

သံတွဲမြို့၌ မျိုးစေ့ထုတ် စံပြစိုက်ကွက် စမ်းသပ်စိုက်ပျိုးမည့် တောင်သူများအား (RS)မျိုးစပါးနှင့် ယူးရီးယားဓာတ်မြေဩဇာများ အခမဲ့ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

သံတွဲခရိုင်၊ သံတွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးရာသီတွင် မျိုးစေ့ထုတ် စံပြစိုက်ကွက် စမ်းသပ်စိုက်ပျိုးမည့် တောင်သူများအား မျိုးစပါးနှင့် ယူးရီးယား ဓာတ်မြေဩဇာများ အခမဲ့ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက အဆိုပါ ရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to