ကေ့ာကရိတ်မြို့၌ အသေးစား စက်မှုလက်မှု လုပ်ငန်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

ကော့ကရိတ် ဇွန် ၂၃

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ အသေးစားစက်မှုလက်မှု လုပ်ငန်းများ ထွန်းကားလာခြင်းဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရေး ရည်ရွယ်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး (Talk Show)ကို ယမန်နေ့ နံနက် ၁၁ နာရီခွဲ အချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မျိုးဝင်းက အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်ထွန်းထွန်းလှက အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ နောက်ခံသမိုင်း၊ လုပ်ငန်းမျှော်မှန်းချက်နှင့် လုပ်ငန်းတာဝန်များ အသေးစား စက်မှုလက်မှု လုပ်ငန်းဆိုသည်မှာ၊ ပြဋ္ဌာန်းထားသော ဥပဒေနှင့် နည်းဥပဒေများ၊ စက်မှုလက်မှုလုပ်ငန်း မှတ်ပုံတင်အမျိုးအစားများနှင့် မှတ်ပုံတင်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ခင်မျိုးဝင်း(ပြန်/ဆက်)