ဒိုက်ဦးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ “ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း” အတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကျင်းပ

ဒိုက်ဦး ဇွန် ၂၃

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အောင်ရတနာခန်းမ၌  “ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း” အတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင်ပဲခူးတိုင်းဒေသကြီး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၊ တွဲဖက် အတွင်းရေးမှူး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး ဦး‌သောင်းရွှေ၊ ဒိုက်ဦးမြို့နယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်ဆန်းဦးတို့က အမှာစကားအသီးသီးပြောကြားကြပြီးနောက် ကြွရောက်လာကြသော ပုဂ္ဂိုလ်များ ဆရာ/ ဆရာမများ ကျောင်းသား/ ကျောင်းသူများအား Vedio မှတ်တမ်းများ ပြသခြင်းအစီအစဉ်ကျင်းပပါသည်။

ထို့နောက်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးဦးသန်းစိုးက ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်ခန်းပြုလုပ်မည့် အစီအစဉ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းသို့ တက်ရောက်လာသော မြို့နယ်သဘာဝဘေးအဖွဲ့ဝင်များနှင့် လူမှုအသင်းအဖွဲ့များ၏ ကိုယ်စားလှယ်များက ဇာတ်တိုက်လေ့ကျင့်ခန်းနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးပြေားကြားခြင်း အထွေထွေဆွေးနွေးခြင်း အစီအစဉ်ကျင်းပကာ အခမ်းအနားရုပ်သိမ်းခဲ့ပါသည်။

မြို့နယ်(ပြန်/ ဆက်)