မြစ်သားမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေ

မြစ်သား ဇွန်  ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့ မွန်းလွဲပိုင်း ( ၂ )နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့မ အ.ထ.ကကျောင်းနှင့်  မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသူ/ကျောင်းသားကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၀၂၃ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်  တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်တွင် အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒများ၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များ၊ အမျိုးသားရေးအသွင်တိုက်ဖျက်၊ ထိထိရောက်ရောက် ရှာဖွေဖော်ထုတ်၊ မူးယစ်ဆေးဝါး သုံးစွဲရခြင်းအကြောင်းအရင်းများ၊ ကဗျာ ဆောင်းပါး၊ ကာတွန်း၊ ဆောင်ပုဒ်များနှင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အကြောင်းအရာများ  ကဏ္ဍစုံလင်စွာပါကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်  တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေသည့် ရည်ရွယ်ချက်များမှာ ကျောင်းသူ/  ကျောင်းသားများအား မူးယစ်ဆေးဝါးများနှင့် ပတ်သက်သည့် အကြောင်းအရာနှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို သိရှိစေရန် ရည်ရွယ်၍ ဖြန့်ဝေရခြင်းဖြစ်ကြောင်း ဆက်လက်ပြီး အခြား အ.ထ.က ကျောင်း ဖြစ်သည့် မြစ်သား အ.ထ.ကနှင့် လမ်းခွ အ.ထ.က ကျောင်းသို့ သွားရောက်ကာ (အခမဲ့) ဖြန့်ဝေပေးမည်ဖြစ်ကြောင်း သိရသည်။

ဝင်းမင်းထွန်း(မြစ်သား)