ကြံခင်းမြို့နယ်တွင် အခြေခံစားသောက်ကုန်များကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ အခြေခံစားသောက်ကုန် များကို သက်သာသော စျေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်‌ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှုဖြင့် ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင်၊ ဈေးတာဝန်ခံရုံးရှေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဇလွန်မြို့နယ်တွင် တိရစ္ဆာန်အစာပင်စိုက်ပျိုး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ်အဖြစ် တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းကို ယနေ့ နံနက် ၁၀ နာရီတွင် ညောင်ပင်စျေးရပ်ကွက် သံလွင်ကွင်းရှိ မွေးမြူရေးလုပ်ကိုင်သူ ဦးအောင်ဇေယျ၏ အစ္စရေးမြက်ချို စိုက်ခင်းတွင် ပြုလုပ်ခဲ့သည်။

မြေပုံမြို့၌ ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက နေပြည်တော်ပြည်သူ့ဆေးရုံ(ကုတင်-၁၀၀၀)မှ ဒေါက်တာ သက်ကိုကိုအောင် ဦးဆောင်သော အထူးကုဆရာဝန်များ (နယ်လှည့်ဆေးကုအဖွဲ့)မှ လေဘေးသင့်ပြည်သူများအား ဆေးကုသပေးနေမှုကို သွားရောက်ကြည့်ရှု အားပေးစကားပြေားကြား

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက နေပြည်တော် ပြည်သူ့ဆေးရုံ (ကုတင်-၁၀၀၀)မှ ဒေါက်တာ သက်ကိုကိုအောင် ဦးဆောင်သော အထူကုဆရာဝန်များ (နယ်လှည့်ဆေးကုသရေးအဖွဲ့)မှ မြေပုံမြို့နယ် ပြည်သူ့ဆေးရုံ၊ အစည်းအဝေးခန်းမ၌ လေဘေးသင့် ပြည်သူများအား (အခမဲ့) ဆေးကုသပေးနေမှုများကို ယနေ့နံနက်(၁၀)နာရီအချိန်က သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ပန်းလိုချင်ရင် အပင်ကိုပျိုးတတ်မှ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ယမန်နေ့မွန်းလွဲ (၁၄:၀၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာရေးဆရာ လယ်တွင်းသားစောချစ်ရေးသားသော ပန်းလိုချင်ရင် အပင်ကိုပျိုးတတ်မှ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေါပုံမြို့နယ်တွင် လူငယ်များ ဗလငါးတန်နှင့်ပြည့်ဝစေရေးအတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ

ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုသည့် ဆိုရိုးစကားနှင့်အညီ အနာဂတ်မျိုးဆက်သစ်များ အရည်အသွေးပြည့်မီစေရေးနှင့် လူငယ်များ ဗလငါးတန်ပြည့်မီစေရေးအတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ညောင်တုန်းမြို့၌ ရေနုတ်မြောင်းများ တူးဖော်ခြင်းနှင့် ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့တွင် မိုးရာသီကာလ ရေစီးရေလာ ကောင်းမွန်စေ‌ရေးအတွက် မြို့တွင်းရေနုတ်မြောင်းများ တူးဖော်ခြင်းနှင့် ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်းကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမာမြို့ (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန​(Community Centre) ခန်းမတွင်တွင် ယမန့်​နေ့ မွန်းလွဲ (၃)နာရီအချိန်က စာဖတ်ဝိုင်း၊ စာအုပ်/စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to