သဲကုန်းမြို့နယ်၌ တိရစ္ဆာန်အစာပင် (နေဗီယာမြက်)သရုပ်ပြစိုက်ပျိုးပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် CAHW အဖွဲ့များနှင့်ပူးပေါင်း၍ တိရစ္ဆာန်အစာ (နေဗီယာမြက်) စိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ကသဲကုန်းမြို့နယ်၊ ဘွတ္တောအုပ်စု၊ ကျားတက်ကျေးရွာရှိ တောင်သူတစ်ဦး၏ စိုက်ပျိုးမြေ(၁)ဧက၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။