သာယာဝတီ ဇွန် ၂၂
ဝန်ထမ်းအဖွဲ့အစည်းများ အားကောင်းခိုင်မာလာစေရန်နှင့် ကျင့်ဝတ်သိက္ခာနှင့်ပြည့်စုံသော ဝန်ထမ်းကောင်းများ ပေါ်ထွန်းလာစေရန်၊ ဝန်ထမ်းတစ်ဦးချင်း၏ ကိုယ်ရည်ကိုယ်သွေး မြင့်မားလာစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်စံတန်ဖိုးစာမေးပွဲများတွင် ထူးချွန်စွာအောင်မြင်ခဲ့သော အမှုထမ်းအဆင့်ဝန်ထမ်းများကို ဆုချီးမြှင့်ခြင်း အခမ်းအနားကို သာယာဝတီမြို့ စက်မှုလယ်ယာဦးစီးဌာနခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုက အဖွင့်အမှာစကား ပြောကြားပြီး၊ ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးဝင်းသန့်မှ ဆုချီးမြှင့်ရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ဆုရရှိသူများကို ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။
ဆုပေးပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်စက်မှုလယ်ယာဦးစီးဌာနမှဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ ဆက်)