တောင်ဥက္ကလာပမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် အခြေခံပညာဉီးစီးဌာနတို့ ပူးပေါင်းကျင်းပသော နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သော အနာဂတ်မျိုးဆက်သစ် လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ "လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ"ကို ယမန်နေ့မွန်းလွဲ ( ၁:၀၀) အချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘိုကလေးမြို့နယ်တွင် အတက်ရောဂါစီမံချက်လုပ်ငန်း စတင်ခြင်း အထိမ်းအမှတ် မြို့နယ်အဆင့် အသိပေးရှင်းလင်းဆောင်ရွက်

မြန်မာနိုင်ငံအတက်ရောဂါ စီမံချက်လုပ်ငန်း စတင်ခြင်း အထိမ်းအမှတ် အခမ်းအနား မြို့နယ်အဆင့် အသိပညာပေး ရှင်းလင်းပွဲအား ယနေ့ နံနက်(၁၁)နာရီ အချိန်၌ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပ ဆောင်ရွက်သည်။

ခရမ်းမြို့နယ် Community Centre ခန်းမ၌ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း အသိပညာပေး Talk Show  ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်လူထုအခြေပြုဗဟိုဋ္ဌာန(Community Centre)ခန်းမ၌ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း အသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွဲ ၂  နာရီအချိန်က ပြုလုပ်ခဲ့သည်။

ဆင်ပေါင်ဝဲမြို့နယ် နိုင်ငံ့ဝန်ထမ်းများအား ဇီဝဆိုင်ရာအချက်အလက် ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးအရာရှိ ဦးစောလှမောင်၏ လမ်းညွှန်မှုဖြင့် ဆင်ပေါင်ဝဲမြို့နယ်ရုံး ဝန်ထမ်းများက မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများအား ဇီဝဆိုင်ရာ အချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ခန်းမအတွင်း၌ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ် ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တွေ့ဆုံဆွေးနွေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ်လင်းမောင်နှင့် အဖွဲ့ဝင် ဗိုလ်မှူးချုပ် ထွန်းထွန်းစံ တို့သည် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက် ၉ နာရီခွဲက ဆိပ်ကြီးခနောင်တို မြို့နယ် သို့ရောက်ရှိပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍  ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းဖြန့်ဝေ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ အခြေခံပညာကျောင်းများ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပြည်သူများစားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးအတွက် အခြေခံစားသောက်ကုန်များ စျေးလျော့ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ ပြည်သူများစားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးအတွက် အခြေခံစားသောက်ကုန်များကို စျေးနှုန်းလျော့ချ၍ ယနေ့ နံနက် ၈ နာရီ အချိန်က မြို့မဈေးအနီး၌ ရောင်းချပေးခဲ့သည်။

ကျိုက်လတ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် သွေးလွန်တုပ်ကွေး အသိပညာပေးဟောပြောပွဲများ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၊ ငုရွှေဝါခန်းမတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် သွေးလွန်တုပ်ကွေးအသိပညာပေး ဟောပြောပွဲများကို ယမန်နေ့ မွန်းလွဲ (၁) နာရီက ကျင်းပခဲ့သည်။

ကျိုက်လတ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် သွေးလွန်တုပ်ကွေး အသိပညာပေး ဟောပြောပွဲများကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၊ ငုရွှေဝါခန်းမတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် သွေးလွန်တုပ်ကွေး အသိပညာပေး ဟောပြောပွဲ များကို ယမန်နေ့ မွန်းလွဲ (၁)နာရီက ကျင်းပခဲ့သည်။

ရခိုင်ပြည်နယ် မိုခါမုန်တိုင်းဒဏ်သင့် စာရင်းစစ်ရုံးဝန်ထမ်းများအား ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

ပြည်ထောင်စုစာရင်းစစ်ချုပ် ဉီးတင်ဉီးသည် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ခိုင်ခိုင်အောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ရခိုင်ပြည်နယ်စာရင်း စစ်ချုပ်ရုံး၌ ကျင်းပသည့် မိုခါမုန်တိုင်းဒဏ်သင့် စာရင်းစစ်ရုံးဝန်ထမ်းများအား တွေ့ဆုံပွဲနှင့် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။
Subscribe to