အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ကဗျာရွတ်ဆို၊ပုံပြင်ပြောပြိုင်ပွဲနှင့်ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

လှိုင်းဘွဲ  ဇွန် ၂၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ကလေးစာဖတ်ခန်း၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ကဗျာရွတ်ဆို၊ ပုံပြင်ပြောပြိုင်ပွဲနှင့်ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့ ညနေ(၃)နာရီအချိန်က ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ ပြိုင်ပွဲကို မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် ပုံမှန်ဝင်ထွက်၍ စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုနေကြသည့် အခြေခံပညာမူလတန်းနှင့်အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများဖြင့်    အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်  တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ကဗျာရွတ်ဆို၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ အင်္ဂလိပ်- မြန်မာစာစွမ်းရည်ပြိုင်ပွဲနှင့်  ဆေးရောင်ခြယ်ပြိုင်ပွဲတို့ကိုကျင်းပခဲ့ကြသည်။

ထို့နောက် (Community Centre) ခန်းမ၌ ခင်းကျင်းပြသထားသည့် စာအုပ်ပြပွဲနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ် စာစောင်များကို ဝင်ရောက်လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

စောဖိုးခွား(ပြန်/ဆက်)