လားရှိုး ဇွန် ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ကျင်းပပြုလုပ်သည့် ခရိုင်အဆင့် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က လားရှိုးမြို့ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင်ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး လူပုဂ္ဂိုလ် ဒိုင်တစ်ဦးက အမှတ်ပေးစည်းမျဉ်းများကိုရှင်းလင်းပြောကြားသည်။
ထို့နောက် လားရှိုးခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သည့် လားရှိုး၊ သိန္နီ၊ ကွမ်းလုံမြို့နယ်တို့မှ ပြိုင်ပွဲဝင် ဝတ်ရွတ်အသင်းများက ဓမ္မစကြာနှင့်အနတ္တလက္ခဏသုတ်ကို အလွတ်ရွတ်ဆိုယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
စိုင်းထွန်း ( လားရှိုး )