မော်လမြိုင်ကျွန်း ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁:၀၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လပွတ္တာခရိုင်၊ စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွှန့်က အဖွင့်မှာစကားပြောကြားရာတွင် လုပ်ငန်းများလုပ်ကိုင်ရာတွင် ဌာနဆိုက်ရာများအနေဖြစ် အခက်အခဲများရှိပါက ပြောကြားရန်၊ လက်ရှိလုပ်နေသော လုပ်ငန်းများ ဆောင်ရွက်ရာတွင် တည်ဆဲအစိုးရ၏ မူဝါဒများ၊ ရည်မှန်းချက်များနှင့် ဦးတည်ချက် (၁၂)ရပ်ကိုဖော်ဆောင်သွားရန်၊ ကုန်စျေးနှုန်းကျဆင်းရေးလုပ်ငန်းများအတွက်၊ တိုင်းဒေသကြီအစိုးရအဖွဲ့၏ ညွှန်ကြားချက်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့် စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပြီးစီးမှုနှင့် အမြန်ဆုံးပြီးဆုံးအောင် ဆောင်ရွက်နိုင်ရေး၊ မိုးစပါးစိုက်ဧကပြည့်မီအောင် စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ကြစေရေး၊ ပညာရေးနှင့်ပတ်သက်၍ ကျောင်းနေအရွယ်ကလေးများ ရာနှုန်းပြည့်ကျောင်းအပ်နှံစေရေးတို့ကို ရှင်းလင်းမှာကြားခဲ့သည်။ ထိုနောက် အဖွဲ့ဝင်(၁)ဗိုလ်မှုးဝင်းမင်းဦးက လုံခြုံရေးဆိုင်ရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသော ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာဌာနများအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအားဆွေးနွေးတင်ပြခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး၊ လုပ်ငန်းလို အပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ ဆက်)