မြဝတီမြို့၌ ကုန်စျေးနှုန်းတည်ငြိမ်ရေးနှင့် စျေးနှုန်းချိုသာစွာ ရောင်းချပေးနိုင်စေရေး အခွန်လွတ်စျေးဆောင်ရွက်

မြဝတီ ဇွန် ၂၄


ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်း စားသောက်ကုန်များအား စျေးနှုန်းတည်ငြိမ်ရေးနှင့် ပြည်သူများအား စျေးနှုန်းချိုသာစွာ ရောင်းချပေးနိုင်စေရေးအတွက် အခွန်လွတ်စျေးအဖြစ် မြဝတီမြို့၊ အမှတ်(၄)ရပ် ကွက်ရှိ ဘိုးရာဇာလမ်းတွင် ယမန်နေ့က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခွန်လွတ်စျေးတွင် စျေးရောင်းချနေမှုများအား မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ အဖွဲ့ဝင် ဦးစိန်သောင်းနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှု အားပေးသည်။
အဆိုပါ အခွန်လွတ်စျေးတွင် သားငါး၊ ဟင်းသီးဟင်းရွက်အစုံနှင့် အခြားစားသောက်ကုန်များအား ပြင်ပပေါက်စျေးထက် စျေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းဖြစ်ပြီး အပတ်စဥ် စနေနေ့တိုင်း ရပ်ကွက်များအတွင်း လှည့်လည်၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင် (ပြန်/ ဆက်)