မြိတ်မြို့တွင် ဆီအုန်းစိုက်ပျိုးထိန်းသိမ်းခြင်းနှင့် မျိုးစပ်ခြင်းအခြေခံသင်တန်းဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု ရွှေဒူးကျေးရွာရှိ နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာန (မြိတ်)ရုံး၌ မြိတ်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများအား ဆီအုန်းစိုက်ပျိုးထိန်းသိမ်းခြင်းနှင့် မျိုးစပ်ခြင်းအခြေခံသင်တန်း ဖွင့်လှစ်သင်ကြား‌ပေးလျက်ရှိသည်။

မူဆယ်မြို့တွင် ကျောင်းသား/ သူများ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကျင်းပ

ကျောင်းသား/ သူများ ကျောင်းသွားကျောင်းပြန် ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ လမ်းသွားလမ်းလာ လမ်းဖြတ်ကူးမှု နည်းစနစ်များ၊ ယာဉ်အန္တရာယ်ကြောင့် အသက်ထိခိုက်ဆုံးရှုံးမှု မရှိစေရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ သိရှိနားလည်စေရန် ရည်ရွယ်၍

ပုဇွန်တောင်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်‌ရောင်းဝယ်မှု တိုက်ဖျက်‌ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊‌ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့် တရား မဝင်‌ရောင်းဝယ်မှု တိုက်ဖျက်‌ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင် နှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘိုကလေးမြို့နယ်တွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် ယနေ့နံနက် (၉)နာရီ အချိန်၌ သဘာဝဘေးအသိပညာပေး ဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း လုပ်ငန်းဆောင်ရွက်ကြသည်။

ပူတာအို၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်ဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့်ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ပူတာအိုမြို့တွင် ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးဆိုးကျိုးများကိုသိရှိပြီးမူးယစ်ဆေးဝါးအန္တရာယ်ရှောင်ရှားတတ်လာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးလာစေရန်နှင့်လူငယ်များနှုတ်မှု စွမ်းရည်များတိုးတက်လာစေရန်အတွက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်ကျပန်းစကားပြောပြိုင်ပွဲကို ဇွန်(၂၃)ရက် မွန်းလွဲ (၁)နာရီအချိန်က ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပခဲ့သည်။

ဆီဆိုင်မြို့နယ်၌ မိုးရာသီတိရစ္ဆာန်အစာပင် ရူစီမြက်စိုက်ပျိုး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ မိုးရာသီတိရစ္ဆာန်အစာ ရူစီမြက်(Ruzi Grass)စိုက်ပျိုးခြင်းကို ဇွန် ၂၃ ရက် ညနေပိုင်းက ဘန်းယဉ်ကျေးရွာအုပ်စု၊ ကုန်းလမ်းကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။

လှိုင်းဘွဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(မြိုင်ကြီးငူ)၌ လူငယ်ရေးရာအသိပညာပေး​​​​​​​ဟောပြောပွဲကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ(အထူးဒေသ)ရှိ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ လူငယ်ရေးရာအသိ ပညာပေးဟောပြောပွဲကို ယမန်နေ့ညနေ(၁)နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့ကြသည်။

ထန်းတပင်မြို့နယ်၌ မျိုးစေ့ချကိရိယာ (Seeder) ဖြင့် မိုးစပါးလက်တွေ့ စိုက်ပျိုးပြသကာ သွင်းအားစုပစ္စည်းများ ထောက်ပံ့ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ တောင်သူများ စပါးစိုက်ပျိုးရာတွင် လုပ်အား ကုန်ကျမှုစရိတ်များနှင့် မျိုးစေ့နှုန်းထား ကုန်ကျမှုစရိတ်များ သက်သာစေရန်အတွက် ဇွန်လ(၂၃)ရက်နေ့၊ နံနက်ပိုင်းက မျိုးစေ့ချကိရိယာ(Seeder)ဖြင့် မိုးစပါးလက်တွေ့ စိုက်ပျိုးပြသကာ သွင်းအားစုပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေဧက(၁၅၀)အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ထားသည့် ရေဖြူကျေးရွာ အုပ်စု၊ အုတ်ဖိုကျေးရွာကွင်းတွင် ကျင်းပပြုလုပ်သည်။

ကန်ကြီးထောင့်မြို့နယ်တွင် ခရိုင်အဆင့် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ်အလွတ်ရွတ်ဆိုမှု ပူဇော်ပြိုင်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပုသိမ်ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အဆင့် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ်အလွတ်ရွတ်ဆိုမှု ပူဇော်ပြိုင်ပွဲအခမ်းအနားကို ကန်ကြီးထောင့်မြို့နယ်၊ မဟာသီရိမင်္ဂလာရာမကျောင်းတိုက်၌ ဇွန်လ ၂၃ ရက်နေ့ နံနက် (၈:၀၀) နာရီ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်လတ်၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်အသိပညာပေးဟောပြောပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၉) အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ပြုလုပ်ခဲ့သည်။
Subscribe to