ဆီဆိုင်မြို့နယ်၌ မိုးရာသီတိရစ္ဆာန်အစာပင် ရူစီမြက်စိုက်ပျိုး

ဆီဆိုင် ဇွန် ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ မိုးရာသီတိရစ္ဆာန်အစာ ရူစီမြက်(Ruzi Grass)စိုက်ပျိုးခြင်းကို ဇွန် ၂၃ ရက် ညနေပိုင်းက ဘန်းယဉ်ကျေးရွာအုပ်စု၊ ကုန်းလမ်းကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာအောင်ကျော်စိုးနှင့်ဝန်ထမ်းများက ရူစီမြက်မျိုးများထောက်ပံပေးပြီး ဒေသခံ ပြည်သူများနှင့်အတူစုပေါင်းစိုက်ပျိုးခဲ့ကြသည်။ အဆိုပါ မြက်မျိုးများစိုက်ပျိုးခြင်းဖြင့်  မိရိုးဖလာ လွှတ်ကျောင်းစနစ်မှ ရိတ်ကျွေးစနစ်ဖွံဖြိုးလာစေမည်ဖြစ်ပြီး အာဟာရတန်ဖိုးမြင့်မားသော မြက်မျိုးများ စိုက်ပျိုးခြင်းဖြင့်တိရစ္ဆာန်များ ကြီးထွားနှုန်းမြင့်မားလာကာ ထုတ်လုပ်မှုများ ကောင်းမွန်ခြင်း၊ အစာဖိုးကုန်ကျစရိတ်များ သက်သာခြင်းတို့ကြောင့် မွေးမြူသူများအနေဖြင့် တိရစ္ဆာန်အစာပင်များစိုက်ပျိုးမှု အလေ့အထများရှိလာစေမည်ဖြစ်ပြီး မွေးမြူရေးလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ကြောင်း သိရသည်။

မျိုးမြတ်(ပြန်/ ဆက်)