မြေပုံမြို့နယ်၌ မိုးရာသီ ဒီရေတောသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ မြို့နယ်သစ်တောဦးစီးဌာနမှကြီးမှု၍ ၂၀၂၃ ခုနှစ်၊ မိုးရာသီဒီရေတောသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၉) နာရီအချိန်က အငူကျေးရွာအုပ်စု၊ အငူကျေးရွာရှိ ဗုဒ္ဓရင်ရိုးတော်ဓါတ် စေတီမြတ်ကြီး၏ အရှေ့ဘက် ဒီရေရောက်ကွင်းပြင်၌ ဒီရေတောသစ်ပင်စိုက်ပျိုး ပွဲတော် ကျင်းပစိုက်ပျိုးသည်။

ပင်လောင်းမြို့နယ်၌ ကျေးလက်ကျန်းမာရေးဌာနခွဲဆေးခန်း အဆောက်အဦ ဖွင့်ပွဲအခမ်းအနား ပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြောက်ထီဗွာ ကျေးရွာအုပ်စု၊ ကောင်ထိုကျေးရွာ ကိုယ်ထူကိုယ်ထ ကျေးလက် ကျန်းမာရေးဌာနခွဲ​ဆေးခန်း အဆောက်အဦဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က ပြုလုပ်သည်။

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနရုံးသို့ သွားရောက်ပြီး မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၅ ဘာသာဂုဏ်ထူးရရှိပြီး ဝိဇ္ဇာဘာသာတွဲ နိုင်ငံတော်အဆင့်(၄)ဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသူအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ယနေ့ နေ့လယ်ပိုင်းက သာယာဝတီမြို့ တည်ဆောက်ရေး ၉ ခန်းမ၌ ကျင်းပသည့်

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြောင်းမြမြို့နယ် ရွှေဂူကြီးကျေးရွာရှိ ရှေးဟောင်း ရွှေဂူကြီးဘုရား ဌာပနာပိတ်ပွဲ မင်္ဂလာအခမ်းအနား တက်ရောက်ကြည်ညိုပူဇော်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များသည် မြောင်းမြမြို့ လပွတ်ကုလားကျေးရွာအုပ်စု၊ ရွှေဂူကြီးကျေးရွာတွင် တည်ထားသည့် အလောင်းစည်သူမင်းကြီး တည်ထားကိုးကွယ်တော်မူခဲ့သော ရှေးဟောင်းသမိုင်းဝင် ရွှေဂူကြီးဘုရား ဌာပနာပိတ်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈နာရီခွဲအချိန်က တက်ရောက် ကြည်ညိုခဲ့သည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရှေးဟောင်းအဆောက်အအုံများ၏ တံတိုင်းအတွင်း အပြင်ရေဝပ်သည့် မြေနိမ့်နေရာများ မြေတိုင်းတာရေးလုပ်ငန်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရှေးဟောင်းအဆောက်အအုံများ၏ တံတိုင်းအတွင်း အပြင်ရေဝပ်သည့် မြေနိမ့်နေရာများ မြေတိုင်းတာရေးလုပ်ငန်းများဆောင်ရွက်နေသည့်နေရာများအား ယမန်နေ့ နံနက် ၉ နာရီအချိန်မှစတင်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၌ ၂၀၂၃ခုနှစ် တိုင်းနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံး ဆီမီးဖိုင်နယ်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ အောင်မြေသာစံအားကစားကွင်းနှင့် ဗထူးအားကစားကွင်းများတွင် ၂၀၂၃ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးခဲ့ရာ ယနေ့ညနေ (၃း၃၀)နာရီ၌ အမျိုးသား ဘောလုံးဆီမီးဖိုင်နယ်ပွဲကို ဗထူးအားကစားကွင်း၌ မန္တလေးတိုင်းဒေသကြီးအသင်းနှင့်ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး အောင်မြေသာစံအားကစားကွင်း၌ ရှမ်းပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်သိရသည်။

ရေတာရှည်မြို့နယ်၌ စပါးမျိုး​စေ့ချကိရိယာ (Drum Seeder)​ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနာ:ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေးအတွက် စိုက်နည်းစနစ်ပြောင်းလဲနိုင်ရန်  စက်မှုလယ်ယာဦးစီးဌာနမှ ထုတ်လုပ်သည့် ဒေသနှင့်ကိုက်ညီသော စပါးမျိုး​စေ့ချကိရိယာ (Drum Seeder )​ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို  အမှတ် (၄၈) စက်မှု လယ်ယာစခန်း၌ ယနေ့ နံနက်(၉:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဟိုပန်၌ ယာဥ်အန္တရာယ်ကင်းရှင်းရေး ယာဥ်စည်းကမ်း၊လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းများ ပြုလုပ်ဆောင်ရွက်

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ဝင်းလှိုင် ဦးဆောင်၍  ဟိုပန်မြို့နယ်၊ အမှတ်(၁၂၉)၊ ယာဥ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ထွန်းဇော်မျိုးနှင့် ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့က
Subscribe to