ကန်ကြီးထောင့် ဇွန် ၂၅
ဧရာဝတီတိုင်းဒသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပုသိမ်ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အဆင့် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ်အလွတ်ရွတ်ဆိုမှု ပူဇော်ပြိုင်ပွဲအခမ်းအနားကို ကန်ကြီးထောင့်မြို့နယ်၊ မဟာသီရိမင်္ဂလာရာမကျောင်းတိုက်၌ ဇွန်လ ၂၃ ရက်နေ့ နံနက် (၈:၀၀) နာရီ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ပထမဦးစွာ နမောတဿ (၃) ကြိမ်ရွတ်ဆိုကာ အခမ်းအနားကိုဖွင့်လစ်ခဲ့ပြီး ပုသိမ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကိုမှ အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်မြို့နယ်များမှ မြိုနယ်အလိုက်ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ်အား အလွတ်ရွတ်ဆို ပူဇော်ပြိုင်ပွဲဝင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲတွင် အသင်းလိုက် အဝင်အထွက်မှန်ကန်စွာဖြင့် ရွတ်ဆိုနိုင်မှုဆုကို ကန်ကြီးထောင့်မြို့နယ်မှလည်းကောင်း၊ အသင်းလိုက် ညီညွတ်စွာရွတ်ဆိုနိုင်မှုဆုကို ပုသိမ်မြိုနယ်မှလည်းကောင်း၊ ဘုရားပင့်၊ နတ်ပင့်နှင့် တူညီဝတ်စုံမှန်ကန်ခြင်းဆုအား ငပုတောမြိုနယ်နှင့် အသင်းသားများစည်းလုံးညီညွတ်စွာရွတ်ဆိုနိုင်မှုဆုအား သာပေါင်းမြို့နယ်တို့မှ ဆုများအသီးသီးရရှိခဲ့ကြရာ တာဝန်ရှိသူများမှ ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းကိုကိုနှင့် တာဝန်ရှိသူများ၊ ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် ဌာနဆိုင်ရာများ၊ NGOအဖွဲ့အစည်းများမှ တက်ရောက်ခဲ့ကြပြီး အဆိုပါပြိုင်ပွဲတွင် ပုသိမ်ခရိုင်အတွင်းရှိ ပုသိမ်မြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်၊ သာပေါင်းမြို့နယ်နှင့် ငပုတောမြို့နယ်များမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
မဇင်(ပြန်/ဆက်)