မူဆယ်မြို့တွင် ကျောင်းသား/ သူများ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကျင်းပ

မူဆယ် ဇွန် ၂၅

ကျောင်းသား/ သူများ ကျောင်းသွားကျောင်းပြန် ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ လမ်းသွားလမ်းလာ လမ်းဖြတ်ကူးမှု နည်းစနစ်များ၊ ယာဉ်အန္တရာယ်ကြောင့် အသက်ထိခိုက်ဆုံးရှုံးမှု မရှိစေရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ သိရှိနားလည်စေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက်(၁၀:၀၀)အချိန်က ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အသိပညာပေး ဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့ပါသည်။

ရှေးဦးစွာ ဟောပြောပွဲတွင် မူဆယ်ခရိုင်၊ အမှတ်(၁၂၅)ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တပ်ဖွဲ့စုမှူး ဒုရဲမှူး ဦးကျော်ဇင်လတ်က ပြည်သူလူထုအနေဖြင့် သိရှိထားရမည့် ယာဉ်စည်းကမ်း၊ လမ်းစည်းလမ်းများ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ မော်တော်ယာဉ်/ ဆိုင်ကယ် စတင်မောင်းနှင်နိုင်သည့် အသက်အရွယ်နှင့် သတ်မှတ်ချက်များ၊ ယာဉ်ပေါ့ဆစွာ မောင်းနှင်ခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များနှင့် တရားဥပဒေအရ လုပ်ထုံးလုပ်နည်းများ စသည့်တို့ကို သိရှိနားလည်စေရန် (Power Point)ဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပါသည်။ ထိုနောက် ဟောပြောပွဲသို့ တက်ရောက်လာသော ကျောင်းသား/ သူများက ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းနှင့်ပတ်သက်၍ ထပ်မံသိလိုသော အကြောင်းအရာများကို မေးမြန်းရာ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မူဆယ်ခရိုင်၊ အမှတ်(၁၂၅) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တပ်ဖွဲ့စုမှူး ဒုရဲမှူး ဦးကျော်ဇင်လတ်နှင့် အဖွဲ့ဝင်များ၊ကုန်လမ်းပို့ဆောင်ရေးနှင့်ညွှန် ကြားမှုဦးစီးဌာန စစ်ဆေးရေးမှူးအဆင့်(၂) ဦအေးလွင်နှင့်အဖွဲ့ဝင်များ၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးထင်ကျော်နှင့်တကွ ဆရာ/ ဆရာမများ၊ ကျောင်းသား/ သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ ဆက်)