ကျိုက်လတ်၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်အသိပညာပေးဟောပြောပွဲပြုလုပ်

ကျိုက်လတ် ဇွန် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၉) အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်နိုးသူက လူငယ်နှင့် အားကစား၊ အားကစားနှင့်လေ့ကျင့်ခန်း၏အဓိပ္ပာယ်၊ အားကစားအမျိုးအစားများ၊ အားကစား၏ထူးခြားသည့် ဝိသေသများ၊ အားကစားပြုလုပ်ခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများ၊ အားကစားနှင့်ကာယပညာသိပ္ပံ တက်ရောက်နိုင်ရန် လူငယ်တစ်ဦးတွင် ပြည့်စုံရမည့်အချက်အလက်များအကြောင်းတို့ကို ဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများကို လေ့ကျင့်ခန်းများ သင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ်အသိပညာပေးဟောပြောပွဲသို့ အမှတ်(၉)အခြေခံပညာမူလတန်း(လွန်)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးတင့်နိုင်၊ ဆရာမများနှင့်ကျောင်းသားကျောင်းသူ(၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/  ဆက်)