မိုးမြေပဲ ပန်းတိုင် အထက်ထွက်ရှိရေး စံပြကွက် ကွင်းသရုပ်ပြပွဲကျင်းပပြုလုပ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့တွင် မိုးမြေပဲ ပန်းတိုင် အထက်ထွက်ရှိရေး စံပြကွက် ကွင်းသရုပ်ပြပွဲကို နံနက်(၀၇:၀၀)နာရီ အချိန်က ကျောက်မြောင်းမြို့၊ အမှတ်(၄)ရပ်ကွက် ကွင်းအမှတ်(၂၆၈၄)တောင်သူ ဦးကျော်ဦး၏ ယာမြေတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။