ရေဦး ဇွန် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေနဒီဦးခန်းမတွင် ယနေ့ နံနက် ၁၁ နာရီက (၃၆)ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရ သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက် ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အမျိုးသမျိုးသမီးရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မျိုးမျိုးထိုက်နှင့် အဖွဲ့ဝင်များ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဟန်ဝင်းလှိုင်က မူးယစ်ဆေးဝါး သုံးစွဲခြင်း၏ ဆိုးကျိုးများကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဦးအောင်ကိုကိုမျိုးက တရားမဝင်မူယစ်ဆေးဝါးအလွဲသုံးစားမှု၊ ရောင်းဝယ်မှုဆိုင်ရာ ဥပဒေပုဒ်မများ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာ မူလတန်းအဆင့် ရေဆေးပိုစတာ ပန်းချီပြိုင်ပွဲ ဆုရကျောင်းသား၊ ကျောင်းသူလေးများအား ဆုများအသီးသီးပေးအပ်ချီးမြင့်ခဲ့ကြကြောင်း သိရသည်။
သန်းသန်း (ရေဦး)