ကံမမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများအဖွဲ့ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (လူထုအခြေပြုဗဟိုဌာန)၌ စာပေချစ်မြတ်နိုးသူများအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက်(၁၁}နာရီက စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းနှင့်စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ စာရေးဆရာမ ခင်စောတင့်၏ “ဘဝအသစ်ရဲ့အစများ”စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

တန့်ယန်းမြို့နယ် အောင်တော်မူစေတီတော်မြတ်ကြီး၌ နဂါးရုံဘုရား ဌာပနာတော်သွင်းပူဇော်ပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင် တန့်ယန်းမြို့နယ် နေမိန္ဓရကုန်းတော်ပေါ်တွင် တည်ထားလျက်ရှိသည့် ဉာဏ်တော် ၁၀၈ ပေရှိ အောင်တော်မူ စေတီတော်မြတ်ကြီးအနီး နဂါးရုံဘုရား ဌာပနာတော်သွင်း ပူဇော်ပွဲကို ဇွန်လ ၂၃ ရက်နေ့ နံနက်ပိုင်းက ကျင်းပသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးပြဇာတ်တိုနှင့် ကျပန်းစကားပြောများ ကြိုတင် ဇာတ်တိုက်လေ့ကျင့်

ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရား မဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူလေးများက မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးပြဇာတ်တိုနှင့် ကျပန်းစကားပြောများကို ကြိုတင်ဇာတ်တိုက် လေ့ကျင့်ထားလျက်ရှိသည်။

ပျဉ်းမနားမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များလိုက်လံ ငှားရမ်းပေးမှု ကို ရပ်ကွက်‌/ကျေးရွာများ အရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ဇွန်လ (၂၃) ရက်နေ့ နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက မြောက်လွတ်ကုန်းကျေးရွာသို့ သွားရောက် ငှားရမ်းပေးကြသည်။

ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာ (၃) ရွာမှ စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၄၅၆ ဦးအား မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေး

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာ (၃) ရွာမှ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ (၄၅၆) ဦးအား မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေများ ထုတ်ချေးခြင်းကို ယမန်နေ့က အဆိုပါ ကျေးရွာများတွင် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ချောက်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာ​စောင်များဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အ လွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ချောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ သို့ဖြန့်ဝေနိုင်ရေး မြို့နယ်ပညာရေးမှူးရုံးနှင့် ​မြို့​ပေါ်အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းသို့ ဇွန်လ (၂၃)ရက်နေ့ နံနက်ပိုင်းက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကွမ်းလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အထက်တန်းအဆင့် စာလုံးပေါင်းသတ်ပုံအမှန် ရွေးပြိုင်ပွဲပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာလုံးပေါင်းသတ်ပုံ အမှန်ရွေးပြိုင်ပွဲကို ဇွန်လ(၂၃)ရက်နေ့မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကမမောင်းမြို့၌ ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်

ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကြက်ခြေနီတို့ ပူးပေါင်း၍ ယနေ့ နံနက် (၉) နာရီအချိန်က ကမ မောင်းမြို့ ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေးနှိုးဆော်ခြင်းများကို လူစီကားရာ နေရာများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မင်းလှမြို့တွင် ဇီဝဆိုင်ရာအချက် အလက်ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်း လုပ်ငန်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ဇီဝဆိုင်ရာအချက်အလက်ကောက် ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ်တွင် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၌ လူကုန်ကူးမှုပပျောက်ရေး အသိပညာပေးဟောပြော

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဇွန် (၂၃) ရက်နေ့ နံနက်ပိုင်းက အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။
Subscribe to