ဘိုကလေးပညာရေး ဒီဂရီကောလိပ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပ

ဘိုကလေး ဇွန် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဘိုကလေးပညာရေး ဒီဂရီကောလိပ်တွင် ယနေ့ နံနက်(၉)နာရီအချိန်၌ အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ဌာနဆိုင်ရာများ၊ ဘိုကလေးပညာရေး ဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/များ၊ သင်တန်းသား/သူများ စုစုပေါင်းအင်အား (၁၀၀၀)ခန့် တက်ရောက်ကြပြီး ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးကံဝင်းက အနာဂတ်တွင် နိုင်ငံ့သားကောင်း ရတနာများဖြစ်လာကြမည့် ကျောင်းသား/သူများ လမ်းလွှဲမရောက်စေရေး၊ ပညာပြည့်ဝနှလုံးလှသော သားကောင်းရတနာများ ဖြစ်လာရေးအတွက် ယခု ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် သင်တန်းတက်ရောက်နေကြသူများအနေဖြင့် မိမိတို့သိရှိထား သော အသိပညာ၊ ဗဟုသုတများအား မိမိတို့၏တပည့်များကို နည်းလမ်းမှန်စွာ ပြန်လည်မျှဝေကြရန် အမှာစကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ရဲမှူး မျိုးအောင်ထွန်းက မူးယစ်ဆေးဝါးအန္တရာယ်၊ မူးယစ်ဆေးဝါး၏ အဓိကအုပ်စုများနှင့် အမျိုးအစားများ၊ မူးယစ်ဆေးဝါး ရောင်းချသိုလှောင်သူများ၏ အလေ့အထများ၊ ပြစ်မှုပြစ်ဒဏ်များနှင့် ဒုတိယမြို့နယ် ဥပဒေအရာရှိ ဦးဝင်းမြတ်အောင်က မူးယစ် ဆေးဝါးနှင့် ပတ်သတ်သည့် ဥပဒေနည်းနာများ၊ ၎င်းတို့ဌာနအနေဖြင့် မူးယစ်ဆေးဝါးဆိုင်ရာ ကိစ္စရပ်များ အတွက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များအား ရှင်းလင်းဟောပြောခဲ့ပြီး ဘိုကလေးပညာရေး ဒီဂရီကောလိပ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် ကျင်းပခဲ့သော စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများ၌ ဆုရရှိသော သင်တန်းသား/သူများအား တာဝန်ရှိသူများမှ ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)