ကျောက်တံခါးမြို့နယ်၌ အိုင်တုံချောင်းသဘာဝရေပြင်အတွင်းသို့ ငါးကောင်ရေသုံးသိန်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ကျင်းပ

ကျောက်တံခါး ဇွန် ၂၆

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ဒေသအတွင်းငါးသယံဇာတတိုးပွားလာစေရန်၊ ငါးရိက္ခာဖူလုံမှုရှိစေရန်နှင့် ဒေသရင်းငါးမျိုးစိတ်များ မျိုးသုန်းပျောက်ကွယ်မှုမှကာကွယ်ရန်အတွက် ညောင်လေးပင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ အိုင်တုံချောင်းသဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီက အိုင်တုံချောင်းတံတားတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆွေနှင့်အဖွဲ့ဝင်များ၊ ငါးလုပ်ငန်းဦးစီးဌာနခရိုင်တာဝန်ခံဦးထိန်ဝင်းနှင့်ဝန်ထမ်းများ၊ ပဲခူးငါးလုပ်ငန်း စခန်းတာဝန်ခံနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြပြီး အိုင်တုံချောင်းသဘာဝရေပြင်အတွင်းသို့ (၂)လက်မအရွယ်အစားရှိ ငါးမြစ်ချင်းသားပေါက်ကောင်ရေ(၂၀၀၀၀၀)နှင့် ငါးခုံးမကြီးသားပေါက်ကောင်ရေ(၁၀၀၀၀၀)၊ စုစုပေါင်းကောင်ရေ(၃၀၀၀၀၀)အား အိုင်တုံချောင်းသဘဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)