မော်လိုက်မြို့၌ (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်  အခမ်းအနားကျင်းပ

မော်လိုက် ဇွန် ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ (၃၆)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ()နာရီ အချိန်က အခြေခံပညာအထက်တန်းကျောင်း စုံညီခန်းမတွင် ကျင်းပပြုလုပ် ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှုး ဦးအေးလွင်က ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။ ထို့နောက် ပန်းချီ၊ ပိုစတာ၊ ကာတွန်းပြိုင်ပွဲများ၌ ဆုရကျောင်းသား/သူများကို တာဝန်ရှိသူများက ဆုချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/သူများနှင့် အမှတ်တရ ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။ ၎င်းနောက် တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့် ဆုရကျောင်းသား/ ကျောင်းသူများက မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြန်/ဆက်ဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါး အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှု ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်/မြို့နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများနှင့် အုပ်ထိန်းသူမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်