၂၀၂၃ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

ရမည်းသင်း ဇွန် ၂၆

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ၂၀၂၃ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ကျောင်းပေါင်းစုံ အလယ်တန်း/အထက်တန်းအဆင့် ကျပန်းစကားပြော ပြိုင်ပွဲနှင့် အလယ်တန်းအဆင့်ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကို ဇွန် (၂၆) ရက် နံနက် (၉) နာရီအချိန်က ရမည်းသင်းခရိုင် လူထုအခြေပြု ဗဟိုဌာန (Community  Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်ထွန်းက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲတို့ကို ကျင်းပခြင်းဖြင့် ကျောင်းသားလူငယ်များ မူးယစ်ဆေးအန္တရာယ်ကို ပိုမိုကျယ်ကျယ် ပြန့်ပြန့်သိရှိကာ ပြည်သူများနှင့် အတူပူးပေါင်းတိုက်ဖျက်ပြီး ခေတ်မီဖွံဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီး တည်ဆောက်နိုင်ရေးကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ၂၀၂၃ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အလယ်တန်း/ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ ပထမဆု မြို့မအထကကျောင်း Grade-11 မဆန်းမေအောင်၊ ဒုတိယဆု အထက (၁) ကျောင်း Grade-10 မဖြိုးဖြိုးသွယ်၊ တတိယဆု သိမ်ကုန်းအထကကျောင်း Grade-11 မအိမ့်နေခြည်သက်ခိုင် နှစ်သိမ့်ဆု (၁) မြို့မ  အထကကျောင်း Grade-11 မမိုးမိုးကမ္ဘာ၊ နှစ်သိမ့်ဆု (၂) ရွေဒါး အထက Grade-10 မဉာဏ်ရည်ဦး၊ နှစ်သိမ့်ဆု(၃) အလယ်ကုန်း အထကခွဲ Grade-6 မဆုမွန်အောင်တို့ကို ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကလည်းကောင်း အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲ ပထမဆု အထက (ပန်းစုံ) ပျော်ဘွယ်၊ Grade-9 ကျောင်းသူ မမေသူကို၊ ဒုတိယဆု မြို့မအထက ရမည်းသင်း Grade-8  မအိပန်းမြတ်၊ တတိယဆု အထက(၁)၊ ရမည်းသင်း Grade-8 မသင်းကြူလှိုင်၊ နှစ်သိမ့်ဆု (၁) မြို့မ အထက Grade-9  မဆုလာဒ်အောင်၊ နှစ်သိမ်းဆု (၂) အထက ရွှေဒါး Grade-6 မအိဇင်ဇင်ထူးနှင့် နှစ်သိမ့်ဆု (၃) အထက ရွာတန်း Grade-9 မရွှေအိမ့်မှူးတို့ကို ခရိုင်ပြန်/ဆက်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးနှင့် ခရိုင်အဆင့် ဌာနဆိုင်များက အသီးသီးဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

 ဇော်ဝင်းအောင်