ကန့်ဘလူမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန်ဘလူခရိုင်၊ ကန့်ဘလူမြို့၌ ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် (၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရား မဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲများကို ယနေ့ နံနက် ၉ နာရီ ၃၀ နာရီအအချိန်က ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ခန်းမ၌ ကျင်းပခဲ့သည်။

လိပ်သိုမြို့ အမှတ် (၁) ရပ်ကွက် မာဒေးလမ်းပေါ်ရှိ Box Culvert များ တည်ဆောက်ပြီးစီး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့စည်ပင်သာယာရေးအဖွဲ့သည် ပြည်သူများ သွားလာသယ်ယူပို့ဆောင်မှု အဆင်ပြေ ချောမွေ့ စေရန်၊ မိုးရေတိုက်စားမှုကြောင့် လမ်းများပျက်စီးမှု မရှိစေရန် ကွန်ကရစ်လမ်းသစ်များခင်းပေးခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရန် အုတ်စီရေ မြောင်းများ၊ တံတားငယ် (Box Culvert) များ တည်ဆောက်ပေးလျက်ရှိရာ အမှတ် (၁) ရပ်ကွက် မာဒေးလမ်းပေါ်တွင် (Box Culvert) နှစ်ခုနှင့် အုတ်စီရေမြောင်း တည်ဆောက်ရေး လုပ်ငန်းများမှာ ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

ကျောင်းကုန်းမြို့၌ တိရစ္ဆာန်အစာပင် နေပီယာမြက် သရုပ်ပြစိုက်ပျိုးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ်အရ တိရစ္ဆာန်အစာပင် နေပီယာမြက် သရုပ်ပြစိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က ရေဂလုတ်အုပ်စု၊ပေါက်ငူကျေးရွာရှိ တောင်သူဦးအောင် နိုင်ထွန်း၏ လယ်မြေဧက(၀.၅၀)ဧက၌ ကျင်းပပြုလုပ်ခဲ့သည်။

တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် “ကမ္ဘာ့အအေးပေးပစ္စည်းများနေ့”အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကျင်းပ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် “ကမ္ဘာ့အအေးပေးပစ္စည်းများနေ့”အထိမ်းအမှတ်အဖြစ် "အအေးပေးနည်းပညာ စဉ်ဆက်မပြတ်တိုးတက်ဖို့ ပူးပေါင်းလက်တွဲဆောင်ရွက်စို့" အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက် (၁၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

လူငယ်များမူးယစ်ဆေးဝါး၏ ဆိုးကျိုးကို သိရှိရှောင်ရှားနိုင်စေရန်အတွက် ကျောင်းသား လူငယ်များထံသို့  အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်  တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း (အ.ထ.က-မြို့မ)၌ ယနံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စုကလိမြို့တွင် အစေ့ထုတ်ပြောင်းများ သတ်မှတ်ဧက ထက်စိုက်ပျိုးနိုင်ရေး အဓိကထား ဆောင်ရွက်

ကရင်ပြည်နယ် မြဝတီခရိုင်၊ စုကလိမြို့တွင် အစေ့ထုတ်ပြောင်းများအား ထိုင်းနိုင်ငံနှင့် အကျိုးတူ ပူးပေါင်း၍ စိုက်ပျိုးကြရာ ယခုနှစ်တွင် သတ်မှတ်ဧကထက် ပိုမိုစိုက်ပျိုးနိုင်ရေး အလေးထား ဆောင်ရွက်လျက်ရှိသည်။ အစေ့ထုတ်ပြောင်းများအား ထိုင်းနိုင်ငံမှ တင်သွင်းသည့် မျိုးစေ့ အမျိုးအစား ၃၂၅၈၊ ၅၀၈၊ ၇၇၊၆၅၊ ၆၂၅၃ မျိုးများ စိုက်ပျိုးကြပြီး စိုက်ပျိုးချိန်ကာလတွင်လည်းကောင်း၊ ဓာတ်မြေသြဇာများ ကြဲပက်ချိန်တွင်လည်းကောင်း၊ ပေါင်းမြက်များ နှိမ်နှင်းချိန်တို့ထိ ထောက်ပံ့ပစ္စည်းများအား အချိုးကျသုံးစွဲနိုင်ရေးတို့ကို ဆောင်ရွက်ခဲ့သည်။

မိုင်းဆတ်မြို့၌ “အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့” အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် (၉)နာရီခွဲက အောင်ဇေယျဘက်စုံအားကစားကွင်းရှိ မိုးလုံလေလုံအားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များ သက်သာ သောဈေးနှုန်းဖြင့် ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များကို သက်သာသော ဈေးနှုန်းဖြင့် ယနေ့နံနက် ၈ နာရီအချိန်ခန့်က မြို့မဈေးအနီး၌ ရောင်းချပေးခဲ့သည်။

ကလေးမြို့တွင် မျိုးစေ့ပေးအပ်ပွဲနှင့် မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးနည်းသင်တန်းကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် မျိုးစေ့ပေးအပ်ပွဲနှင့် မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးနည်းပညာပေးသင်တန်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့၌ ဒေသခံပြည်သူများအား တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ မုန်တိုင်းဒဏ်ခံရသည့် ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်၊ စာကြည့်တိုက် ဘက်စုံသုံးခန်းမသို့ လာရောက်၍ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
Subscribe to