မိုးညိုမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

မိုးညို ဇွန် ၂၆

၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆) ရက်နေ့ ယနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ရှိ အ•လ•က(ခွဲ)မြို့မ၊ အ.လ.က(ခွဲ)တောင်ပိုင်း၊ အ.လ.က(ခွဲ)ကျွန်းကလေးစသည့် အခြေခံပညာကျောင်းများသို့ ယ‌နေ့နံနက်ပိုင်းကသွားရောက်၍ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေးအသွင်တိုက်ဖျက်‌ေဆာင်းပါး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဥ် (၁/၂၀၂၁) ၌ ပြောကြားသည့် အမှာစကားကောက်နုတ်ချက်၊ မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းအရင်း၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ၊ မူးယစ်ကိုပစ် ပန်းတိုင်သစ် စိတ်သစ် လူသစ် ဘဝသစ် ဆောင်ပုဒ်၊  မူးယစ်ဆေးဝါး တို့ရှောင်ရှား ကဗျာနှင့် ကာတွန်းစသည့် အကြောင်းအရာများ ပါဝင်သည့် သတင်းစကားလက်ကမ်းစာစောင်များကို  ဆရာ၊ ဆရာမများနှင့်ကျောင်းသား ကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကိုမင်း(ပြန်/ ဆက်)