သင်္ဃန်းကျွန်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲကျင်းပ
ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း ယနေ့နံနက်(၁၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။