လားရှိုး ဇွန် ၂၆
ဇီဝဆိုင်ရာအချက်အလက်များ(Biometric) ကောက်ယူရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က လားရှိုးမြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးရှိ သစ္စာခန်းမတွင် ကျင်းပပြုလုပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းနှင့် တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်က အဖွင့်အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒုတိယပြည်နယ်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလင်းအောင်က Biometric အချက်အလက်များ ကောက်ယူရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက Biometric ကိုယ်ရေးအချက်အလက်များ ကောက်ယူသည့် လုပ်ငန်းစဉ်များ လက်တွေ့သရုပ်ပြနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ဇီဝဆိုင်ရာအချက်အလက်များ (Biometric) ကောက်ယူရေးသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၃၈)ဦးတက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာလမှ ငါးရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)