မဟာအောင်မြေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာနမှ Biometric ကောက်ယူရေးလုပ်ငန်းများ စတင်ဆောင်ရွက်
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာနမှ Biometric ကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်မှုကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ စတင် ကောက်ယူလျက်ရှိသည်။