မြောက်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူးယစ်ဆေးဝါး တိုက် ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊စာအုပ်ပြပွဲ နှင့် နံရံကပ်စာစောင်များပြသ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သော မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်းကို ယနေ့ နေ့လည် ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းကိုင်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစားဒေသထွက်ကုန်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေး ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍနှင့် (MSME) အသေးစားဒေသထွက်ကုန်များ ထုတ်လုပ်ဖြန့်ဖြူးမှု ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ်ပိုင်းက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း Biometric အချက်အလက်များ စာရင်းကောက်ယူနိုင်ရေး Biometric Enrollment and UID Management System အသုံးပြုနည်းသင်တန်း တက်ရောက်ဖွင့်လှစ်ပေး

နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့် e-Government ဦးဆောင်ကော်မတီ၏ လမ်းညွှန်မှုအရ အီလက်ထရောနစ်စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်းလုပ်ငန်းကို လူမှုဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အနေဖြင့် Focal Ministry အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်အတွင်း နေထိုင်သူ တစ်ဦးချင်းစီ၏ Biometric အချက်အလက်များ စာရင်းကောက် ယူနိုင်ရေးအတွက် Biometric Enrollment and UID Management System အသုံးပြုနည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပ ပြုလုပ်သည်။

စဉ့်ကိုင်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၃ခုနှစ်၊ ဇွန်လ(၂၆)ရက် နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်း စာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်(၉)နာရီက မြို့မဈေးနှင့်အ.ထ.က (ဘယ်လင်း)ကျောင်းတို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တောင်ကုတ်မြို့နယ်၌ (၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် (၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နေ့လယ် (၁၂) နာရီအချိန်က အမှတ် (၁)၊ အခြေခံပညာ အထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပသည်။

မိုင်းဖြတ်မြို့နယ်၌  ဘိန်းအစားထိုး အသက်မွေးဝမ်းကျောင်းဆိုင်ရာ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နိုင်ရန်အတွက် ဒေသဝက်များ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကျေးရွာနေပြည်သူများ အသက်မွေးဝမ်းကျောင်းဆိုင်ရာ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နိုင်ရေးအတွက် ရည်ရွယ်၍ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေသဝက်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀နာရီက တောညုကျေးရွာ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

တကောင်းမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ တကောင်းမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲများပြုလုပ်ခြင်းကို ယနေ့နံနက် (၉)နာရီက အခြေခံပညာအလယ် တန်းကျောင်း (မြို့မ)တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

နမ္မတူတွင် ရောင်နီအထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၁-၂၀၂၂ ခုနှင့် ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ရောင်နီအထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းလီမီတက်၏ ၂၀၂၁-၂၀၂၂ ခုနှင့် ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် (၉)နာရီခွဲအချိန်က အဆိုပါအသင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ပိုးလောက်လမ်းသေ(Abate) ဆေးခပ်ခြင်းများ ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ပိုးလောက်လန်းသေ(Abate)ဆေးခပ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်အဆင့်ဌာနဆိုင်ရာရုံးများသို့ ဆောင်ရွက်ပေးခဲ့သည်။
Subscribe to