မူးယစ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ''သတင်းစကား'' လက်ကမ်းစာစောင်များသန်လျင်၌ ဖြန့်ဝေ

သန်လျင်   ဇွန် ၂၆

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော ''သတင်းစကား'' လက်ကမ်းစာစောင်များကို သန်လျင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကားဂိတ်များ၊ ဈေးများနှင့်လူစည်ကားရာနေရာများတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့သည်။

အဆိုပါလက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၁)၌ ပြောကြားခဲ့သည့်အမှာစကားမှကောက်နှုတ်ချက်၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ မူးယစ်ဆေးဝါးအန္တရာယ်အမျိုးသားရေးအသွင်ဖြင့် တိုက်ဖျက်ခေါင်းကြီး၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ၊ ကဗျာဆရာနုခန့်ယဉ်(ရစ်ကန်ကြီး)၏ မူးယစ်ဆေးဝါးတို့ရှောင်ရှားကဗျာ၊ ကာတွန်းဆရာ သူရမိုး၏ကာတွန်းလက်ရာ၊ မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းအရင်း၊ မူးယစ်တိုက်ဖျက်ရေးဆောင်ပုဒ်များဖြင့် ဝေဝေဆာဆာဖော်ပြထားသည်။

ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ဟောပြောပွဲ၊ ဓာတ်ပုံနံရံကပ်စာစောင်ပြပွဲများကို အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ ကျောင်းများတွင် ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်ဆက်)