တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာနှင့် ကင်းသာကုန်ထုတ်စခန်း (၁/၂) အိမ်ထောင်စုများတွင် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းနှင့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်း ကွင်းဆင်း ဆောင်ရွက်

တပ်ကုန်း ဇွန် ၂၆

​ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာနှင့် ကင်းသာ ကုန်ထုတ်စခန်း(၁/၂)အိမ်ယာများတွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးနှင့် ခြင်ပေါက်ပွားမှုလျော့နည်းစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းနှင့် ကိုဗစ် -၁၉ရောဂါကာကွယ် ဆေးထပ်ဆောင်းထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကင်းသာကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါအဖွဲ့တွင် ရွှေမြို့တိုက်နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေးကြီးကြပ်(၁) ဆရာ ဦးကျော်ကျော်အောင် ဦးဆောင်၍ ကျန်းမာရေးဆရာ၊ ဆရာမ ၈ ဦးပါဝင်ပြီး၊ ကင်းသာကျေးရွာ တွင် အိမ်ထောင်စု ၄၆၄ နှင့် ကင်းသာကုန်ထုတ်စခန်း(၁/၂) အိမ်ထောင်စု ၁၀၃တွင် ခြင်ကိုက်ခံရ မှုကြောင့် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ရေလှောင်ကန်များထဲသို့ အဘိတ်ဆေးများ ခတ်ပေးခဲ့ခြင်း၊ ဘုရားပန်းအိုး၊ အောင်အိုးများ၊ အလှပန်းအိုးများနှင့် နေအိမ်ခြံဝင်းအတွင်းရှိ ရေအိုးများ၊ တာယာ​ဟောင်းများ စသည့် ရေတင်ရှိနိုင်သော နေရာများတွင်လည်း ပိုးလောက်လန်းများ မကျရောက်စေရန် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ပ ေးခဲ့ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ကြိုတင်ကာကွယ်ရေးအသိပညာပေးများ ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Sinopharm) ထိုးနှံပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်