ကွမ်းခြံကုန်း ဇွန် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မွေးမြူးရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၂၃-ခုနှစ် မိုးရာသီတိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း၊ ရက်သတ္တပတ် အစီအစဥ် တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းလှုပ်ရှားမှုကို ယနေ့နံနက်(၉) နာရီအချိန်က အင်္ဂလုံးကျေးရွာတောင်သူ ဒေါ်တင်ဇာလှိုင်၏မြေနေရာတွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာဝတ်ရည်ဦးက နေဗီယာမြက် တစ်ဧက စိုက်ပျိုးထားပါ နွားမ(၁၀)ကောင် မွေးမြူးနိုင်ခြင်း၊ နေဗီယာမြက်(၄၅)ရက်သား ခုတ်ယူကျွေးမွေးပါက အကောင်းဆုံးဖြစ်ခြင်း၊ မြက်ချဥ်ဖတ်ပြုလုပ်၍ ကျွေးမွေးခြင်းဖြင့် အရသာကောင်းမွန်မှုကြောင့် ကျွဲနွားများ နှစ်သက်စွာ စားသုံးခြင်းနှင့် စိုက်ပျိုးသည့် နည်းစနစ်များကိုလည်း ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
တိရစ္ဆာန်အစာ နေပီယာမြက် စိုက်ပျိုးပွဲသို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာဝတ်ရည်ဦး၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဆွေနွယ်(ပြန်/ဆက်)