ကွန်ဟိန်းမြို့၌  မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကွန်ဟိန်း ဇွန် ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က စိုက်ပျိုးရေးကဏ္ဍများ၊ မွေးမြူရေးကဏ္ဍများ၊ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေးအပါအဝင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအား အားပေးဆောင်ရွက်ရေး၊ စပါးစိုက်ပျိုးရာတွင် တစ်ဧကအထွက်နှုန်း တိုးတက်စေရေးအတွက် အထွက်နှုန်းကောင်းသည့် စပါးမျိုးကောင်း မျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ စားသုံးမှုဖူလုံစေရန် အသားစားကြက်၊ ဥစားကြက်၊ ဝက်၊ ဆိတ်နှင့် ကျွဲ၊ နွားမွေးမြူရေးတို့ကို ဖြစ်ထွန်းအောင်မြင်အောင် စနစ်တကျမွေးမြူရေး၊ မြို့များ သန့်ရှင်းသာယာလှပရေး၊ နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ဒေသခံ ပြည်သူများ၊ ဒေသတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများ အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ရန် စသည်တို့ကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လက်ရှိဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)