ဗဟန်း ဇွန် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ယနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဦးစီးဌာနမှထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)ရုံးမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် အခြေခံပညာအလယ်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းသား/ ကျောင်းသူများအား အဆိုပါ“သတင်းစကား” လက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်လက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၁)၌ ပြောကြားသည့်အမှာစကားမှ ကောက်နုတ်ချက်၊ မူးယစ် ဆေးဝါး သုံးစွဲရခြင်း အကြောင်းအရင်း၊ မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေး အသွင်တိုက်ဖျက်၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမှုဝါဒ၊ ကျောင်းသား လူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များ၊ စာရေးဆရာ နုခန့်ယဉ်(ရစ်ကန်ကြီး) ရေးသားသည့် “မူးယစ်ဆေးဝါး တို့ရှောင်ရှား”ကဗျာနှင့် မူးယစ်ဆေးဝါး အသိပညာပေး ကာတွန်းများ စသည်ဖြင့် ဝေဝေဆာဆာဖော်ပြပါရှိကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ မှုးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် “သတင်းစကား”လက်ကမ်းစာစောင်များကို အခြေခံပညာ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်းများရှိ ကျောင်းသားကျောင်းသူများထံ လက်ဝယ် အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။
စန္ဒာမိုး