ကျောက်ဆည်မြို့၌ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်းကျင်းပ

ကျောက်ဆည် ဇွန် ၂၆

ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတပြည့်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ဇွန် (၂၆) ရက် နံနက် (၈) နာရီခွဲက မြို့မ အခြေခံပညာ အထက်တန်း ကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 ရှေးဦးစွာ ကျောက်ဆည်မြို့၊ မြို့မအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီလင်းက ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး စာပေမှရရှိသော အသိအမြင်များမှဘဝတွင် တိုးတက်အောင်မြင်အောင် စွမ်းဆောင်နိုင်ပါကြောင်း၊ ဘဝတိုးတက် အောင်မြင်အောင် အသိအလိမ္မာရှိစေရန် စာပေဖတ်ရှုလေ့လာကြရန် အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက အနာဂတ်မျိုးဆက်သစ် ကျောင်းသားလူငယ်များ ဘက်ပေါင်းစုံ ထူးချွန်ထက်မြက် စေရန်၊ အသိပညာအတတ်ပညာနှင့် ပြည့်စုံသည့်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် ပရိတ်သတ်ရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများရှိလာ စေရန်၊ စာပေဗဟုသုတများရရှိပြီး လူငယ်အချင်းချင်း အသိပညာများ ဖလှယ်နိုင်စေရန်နှင့် တစ်ဦးနှင့်တစ်ဦး ရင်းနှီးချစ်ခင်မှုများ တိုးပွားလာ စေရန်၊ ပူးပေါင်းပါဝင်တတ်သည့် အလေ့ကျင့်ကောင်းများရရှိစေရန် လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ဦးဆောင်ပြီး လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ခဲ့ရာ Grade-11 မှ မောင်ကောင်းခန့်ကျော်က လူငယ်နှင့်အားကစား၊ Grade-10မှ မသီတာစိုးက လူငယ်နှင့်မူးယစ်ဆေးဝါး၊  Grade-8မှ မရွှေရည်ဝင်းက လူငယ်နှင့် စာကြည့်တိုက်၊  Grade-8မှ မောင်မင်းထိုက်ကျော်က လူငယ်နှင့်စာပေ စသည့်ခေါင်းစဉ်များဖြင့်  အသီးသီးဆွေးနွေးခဲ့ပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့သည်။ ထို့နောက် ကျောင်းသား/ ကျောင်းသူလေးများက Myanmar Fitness အကဖြင့် ဖျော်ဖြေခဲ့ကာ  ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင့်နှင့်  ကျောင်းသား၊ ကျောင်းသူများက အသိပညာပေး နံရံကပ်စာစောင်များကို  စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

တင်တင်ထွေး