လှည်းကူးမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

လှည်းကူး ဇွန် ၂၆        

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်း(မြို့မ)သို့ သွားရောက်၍ ကျောင်းသား/ကျောင်းသူများအား သတင်းစကားလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးသည်။

အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၁)၌ပြောကြားသည့် အမှာစကားမှကောက်နုတ်ချက်၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်း၊ မူးယစ်ဆေးဝါးအန္တရာယ်အမျိုးသားရေးအသွင်တိုက်ဖျက်၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမှုဝါဒ၊ ကျောင်းသားလူငယ်များသိရှိလိုက်နာသင့်သည့်အချက်များ၊ စာရေးဆရာနုခန့်ယဉ်(ရစ်ကန်ကြီး)ရေးသားသည့် မူးယစ်ဆေးဝါးတို့ရှောင်ရှားကဗျာနှင့်မူးယစ်ဆေးဝါးအသိပညာပေးကာတွန်းများစသည်ဖြင့် ဝေဝေဆာဆာဖော်ပြပါရှိကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာမှုးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များကို အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများထံလက်ဝယ်အရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)